Umrah Package
Umrah Package
အွမ်ရာဟ် Package တွင် ခရီးစဉ်အတွက်လိုအပ်သည့် ဝန်ဆောင်မှုများပါဝင်သည်
✅ ဆော်ဒီ ဗီဇာ။
✅ လေယာဉ် လက်မှတ် အသွား အပြန်။
✅ မက္ကာ ဟိုတယ် ၅ ည၊ မဒီနာ ဟိုတယ် ၅ ည။
✅ လေယာဉ်ကွင်း အကြို အပို့ဆောင်ရွက်ပေးပါမည်။
✅ အွမ်ရာဟ် သုံးကြိမ်အထိ လိုက်ပါပြုလုပ်ပေးပါမည်။
✅ မက္ကာ မဒီနာ သွာအီဖ် ဘဒရ်မြို့ရှိ ဇေယာရာသ် (သမိုင်းဝင်နေရာများကို) ပို့ဆောင်ရှင်းလင်းပြသပေးပါမည်။
✅ သယ်ယူပို့ဆောင်ရေး (Transportation) ပါဝင်ပါသည်။
✅ မက္ကာနှင့် မဒီနာတွင် ဧည့်သည်စိတ်ကြိုက်ရွေးချယ်စားသောက်နိုင်ရန် စားသောက်ဆိုင်များအားပြသပေးပါမည်။
✅ မဒီနာသို့ ရောက်သည့်အခါ တမန်တော်မြတ်ကို စလာမ် ပို့သရန် ရောင်ဇွာသို့ခေါ်ဆောင်သွားပါမည်။
✅ တမန်တော်မြတ် ရောင်ဇွာဘေးရှိ ကော်ဇောဖြူနေရာတွင် နမားဇ်ဖတ်ရန်အတွက် ဘိုကင်ရရန် ကူညီပေးပါမည်။
ကြိုတင်မသိနိုင်သော အောက်ပါအခက်အခဲ ၂ ခုကို ကြုံတွေ့ရပါက ကူညီဆောင်ရွက်ပေးပါမည်။
✅ ဆော်ဒီလေယာဉ်ကွင်းမှ Laggage အထုတ် မှားယွင်း ယူဆောင်လာမိခြင်း Laggage အထုတ်
ပျောက်ဆုံးခြင်းအတွက် လေယာဉ်ကွင်းသို့လိုက်ပါ ဆောင်ရွက်ပေးပါမည်။
✅ ကျန်းမာရေးမကောင်း ဖြစ်ပါက ဆေးဆိုင် ဆေးခန်း ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးပါမည်။
📌 Package အတွက် ကုန်ကျစရိတ်ကျသင့်ငွေကို Bank Account သို့မဟုတ် Zelle နံပါတ်ကိုလွှဲပေးရပါမည်၊ မြန်မာနိုင်ငံမှ
ဖြစ်ပါက သတ်မှတ်နေရာတွင် ဒေါ်လာငွေသားပေးသွင်းနိုင်ပါသည်၊ ငွေလွှဲပြီးသည့်နောက် စိတ်နှလုံးအေးချမ်းစွာဖြင့်
ပြီးပြည့်စုံသော အွမ်ရာဟ်ခရီးစဉ်ကိုစတင်နိုင်ပါပြီ။
မှတ်ချက်။
📌 5 Star Package ဝန်ဆောင်မှုယူသည့်ဧည့်သည်များကို Makkah မြို့ ကာဘာကျောင်းတော်အရှေ့ရှိ Clock Tower 5 Star Hotel တွင်ထားမှာဖြစ်ပြီး Madina မြို့ရှိ (Markazia) Central Area ရှိ 5 Star Hotel တွင်ထားပါမည်၊ Clock Tower တွင် Tower 7 လုံး ရှိပြီး ဧည့်သည် လာရောက်မည့်ရက်တွင် အခန်းရနိုင်မည့် Tower တွင် အခန်းစီစဉ်ထားပါမည်၊ ဧည့်သည် လိုအပ်ချက်အတိုင်း 3 Star Package လည်း စီစဉ်ပေးပါသည်၊ အွမ်ရာဟ် ခရီးစဉ်ကို ဧည့်သည်စိတ်ကြိုက် ရက်အတိုး အလျှော့လုပ်နိုင်ပါသည်၊ အွမ်ရာဟ် Package တွင် အစားအသောက်မပါဝင်ပါ၊ အွမ်ရာဟ် Package တွင် အထက်ပါဝန်ဆောင်မှုများမှအပ အခြားမည်သည့်ဝန်ဆောင်မှုမှမပါဝင်ပါ။
📌 *** Shopping ဈေးဝယ် ဝန်ဆောင်မှုမပါဝင်ပါ။
ဧည့်သည်အနေဖြင့် Masjid Al Haram ကာဘာကျောင်းတော်နှင့် Masjid An Nabawi တမန်တော်မြတ် ဗလီ
အနားတဝိုက်တွင်ရှိသောဆိုင်များမှ မိမိကြိုက်နှစ်သက်ရာ ပစ္စည်းများကိုဝယ်ယူနိုင်ပါသည်။