Historic Islamic Sites on the Itinerary
Historic Islamic Sites on the Itinerary
We provide guided tours to sacred Islamic historical sites across Makkah, Madinah, Taif, and Badr, offering detailed insights and expert explanations at every location
Ziyarat Tour Schedule & Guidelines
Departure Time: The tour will depart from the hotel promptly at 8:00 AM. Please be punctual, as we are unable to accommodate late departures.
Scheduling: Our tour guide will notify you one day in advance regarding the specific date for the Ziyarat trip.
Itinerary: A list of the historical sites to be visited is provided below for your reference.
Guided Briefing: To provide a more immersive experience, our guide will explain the historical significance of each site upon arrival at the location
မှတ်ချက်။
📌 ဆော်ဒီ အစိုးရဘက်မှ မြို့ပြပြင်ဆင်မှုများ ပြုလုပ်သည့်အခါ လမ်းကြောပိတ်ဆို့ မှုကြောင့် သမိုင်းဝင်နေရာတချို့သို့ သွားမရပါက ထိုနေရာကို Guide မှ ထပ်မံခေါ်ဆောင်သွားမည် မဟုတ်ပါ၊ ဧည့်သည် ၁၀ ဦးနှင့်အထက် Group လိုက် Bus ကားဖြင့်သွားပါက Bus ကား သွားရာက်နိုင်မည့် သမိုင်းဝင်နေရာများကိုသာ ပြသပေးပါမည်၊ ဧည့်သည် ၁၀ ဦးအတွင်း ကားအသေးဖြင့်သွားပါက အောက်ပါသမိုင်းဝင်နေရာများအားလုံးကို ပို့ဆောင်ပေးပါမည်။
သမိုင်းဝင်နေရာများသို့ အလည်အပါတ် (ဇေယာရသ်) သွားသည့်အခါ မဒီနာမြို့ ရှိသမိုင်းဝင်နေရာ တစ်ခု ဖြစ်သော ကူဗာ ဗလီမှအပ သမိုင်းဝင် ဗလီများနှင့် သမိုင်းဝင်နေရာများတွင် အေဗာဒသ်ပြုလုပ်ရန် မဟုတ်ဘဲ သမိုင်းကြောင်းကို သီးသန့် ကြည့်ရှု လေ့လာရန်သာဖြစ်ပါသည် သမိုင်းဝင်နေရာများအားလုံးကိုသွားရောက်လည်ပတ်ရန် အချိန်သတ်မှတ်ထားပါသဖြင့် မက္ကာမြို့ရှိ သမိုင်းဝင်တောင်နှစ်လုံးပေါ်သို့တက်ခွင့်ရမည်မဟုတ်ပါ သမိုင်းဝင်နေရာများသို့သွားနေချိန်လမ်းဘေးဈေးသည်များထံမှဈေးဝယ်ယူခြင်မပြုလုပ်ရန်နှင့် တောင်ပေါ်သို့ တက်ရောက်လေ့လာလိုပါက သီးခြားအချိန်တွင် မိမိအစီအစဉ်ဖြင့် Taxi ငှါး၍သွားနိုင်ပါသည်။
သမိုင်းဝင်နေရာအများစုကို ကားပေါ်မှဆင်း၍ ဧည့်သည်ကိုယ်တိုင် သွားရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပြီး ကားပေါ်မှကြည့်ရှုလေ့လာရမည့် သမိုင်းဝင်နေရာတချို့ရှိပါသည်။
မက္ကာမြို့တွင်းရှိ သမိုင်းဝင်နေရာများ
စောရ်တောင်၊ တမန်တော်မြတ် မက္ကာမြို့ မှ မဒီနာမြို့ သို့ ပြောင်းရွှေ့သွားချိန်မှာ ခေတ္တပုန်းအောင်းခဲ့သည့် လှိုဏ်ဂူရှိသော တောင်
အရဖဟ် ကွင်းပြင်၊ ဇွလ်ဟဂျ်လ ၉ ရက်နေ့မှာ ဟာဂျီများ ဟဂျ်လုပ်ရန် မဖြစ်မနေ စုရုံးရောက်ရှိရမည့်ကွင်းပြင် နှင့် နင်မရာ ဗလီ
မွဇ်ဒလေဖွာ ကွင်းပြင်၊ ဇွလ်ဟဂျ်လ ၉ ရက်ည ဟာဂျီများ အိပ်စက် အနားယူရမည့်ကွင်းပြင် နှင့် မာရှ်အရီလ်အရာဟ် ဗလီ
မီနာ ကွင်းပြင်၊ ဇွလ်ဟဂျ်လ ၈ ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့ အထိ ဟာဂျီများနေထိုင်ပြီး ဟဂျ်လုပ်ရမည့်ကွင်းပြင်နှင့် ဂျမရာသ်
နူးရ်တောင်၊ ပထမဆုံး ကုရ်အာန်၏ စူရာဟ်နှင့် အာယသ် ကျရောက်ခဲ့သောတောင်
ဂျန္နသွလ်မိုအလ္လာဟ်၊ တမန်တော်မြတ်၏ ဇနီးသည် ခသီဂျာ သခင်မကိုမြှုတ်နှံထားသော သင်္ချိုင်း
ဂျင် ဗလီ၊ ဂျင်များ တမန်တော်မြတ် ဖတ်ပြသော ကုရ်အာန်ကိုနားထောင်ပြီး အစ္စလာမ်ကို လက်ခံခဲ့သောနေရာ
ဟိုဒိုင်ဗီရာ၊ တမန်တော်မြတ် မက္ကာမြို့က ကာဖွရ်များနှင့် စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့သောနေရာ
သွာအိဖ်မြို့ရှိ သမိုင်းဝင်နေရာများ
အဗ်ဒွလ်လာဟ်ဘင် အဗ္ဗာစ်သခင်၏ ဗလီနှင့် မုဒ်ဦး
အဒ္ဒါစ် ဗလီ၊ တမန်တော်မြတ် ဦးခေါင်းတွင် ဒဏ်ရာရပြီးနောက် တထောက်နားပြီး စပျစ်သီး စားခဲ့သောခြံနှင့် ဗလီ
ကူးအ် ဗလီ၊ တမန်တော်မြတ် သွာအိဖ်မြို့ကို စတင်ရောက်ရှိချိန် ခရီးတထောက်နားခဲ့သောနေရာ
သမိုင်းဝင်နေရာများကြည့်ပြီး သွာအိဖ်မြို့မှအပြန် တောင်ပေါ်မှကြည့်ရှုနိုင်သောမြင်ကွင်းအလှနေရာနှင့် မျောက်စာကျွေးနိုင်သောနေရာ
မဒီနာမြို့ရှိ သမိုင်းဝင်နေရာများ
အဟွဒ်တောင်၊ အဟွဒ် စစ်ပွဲဖြစ်ခဲ့သောနေရာ
ကူဗာ ဗလီ၊ အစ္စလာမ်သမိုင်းတွင် ပထမဆုံး ဆောက်လုပ်ခဲ့သော ဗလီ
ကိဗ်လာသိုင်း ဗလီ၊ ကာဘာကျောင်းတော်ကို ကိဗ်လာအဖြစ် သက်မှတ်ပေးခဲ့သော ဗလီ
စဗ်အ မစာဂျဒ်၊ ခံဒက်စစ်ပွဲဖြစ်ခဲ့သောနေရာ
ဂျွန်မာ ဗလီ၊ တမန်တော်မြတ် မဒီနာမြို့ကို ပြောင်းရွှေ့လာပြီးနောက် ပထမဆုံး ဂျွန်မာ နမားဇ် ဖတ်ခဲ့သော ဗလီ
ဗနီဟာရီစ် ဗလီ၊ တမန်တော်မြတ် အဟွဒ်စစ်ပွဲမှာ ဒဏ်ရာရပြီး မဒီနာမြို့ကို အပြန် ခရီးတထောက်နားခဲ့သောနေရာ
အွစ်မားန် ရေတွင်း၊ တမန်တော်မြတ်ခေတ်က အွစ်မားန် သခင် မွတ်စလင်မ်တွေအတွက် လှူဒါန်းခဲ့သောရေတွင်း
ဂရ်စ် ရေတွင်း၊ တမန်တော်မြတ်ကိုယ်တိုင် ရေသောက်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဒီရေတွင်းမှရေနှင့် ရေချိုးပေးရန် မှာခဲ့သော ရေတွင်း
စလ်မားန် ဖွာရစီသခင် အလုပ်လုပ်ခဲ့သော စွန်ပလွန်ခြံနှင့် ရေတွင်း
ဗိုင်သွားအ် အပန်းဖြေစခန်း၊ အပျော်စီး ကုလားအုပ် စီးနိုင်သောနေရာ
ဘဒရ်မြို့ရှိသမိုင်းဝင်နေရာများ
ဘဒရ် စစ်ပွဲ၊ အစ္စလာမ်သမိုင်းမှာ ပထမဆုံးဖြစ်ခဲ့သော စစ်ပွဲနေရာနှင့် ရှဟီဒီများကို မြှုတ်နှံထားသော သင်္ချိုင်း
အွဒ်ဝါသွဒ်ဒွန့်ယာ၊ ဘဒရ်စစ်ပွဲမစတင်မှီ တမန်တော်မြတ်နှင့် ဆွဟာဗာများ စခန်းချခဲ့သောနေရာ နှင့် နမားဇ်ဖတ်ခဲ့သော အရီးရှ် ဗလီ
ရောင်ဟာအ် ရေတွင်း၊ ဘဒရ်မြို့အသွား ခရီးလမ်း တဝက်တွင်ရှိသော တမန်တော်မြတ်ခေတ်က အသုံးပြုခဲ့သည့်ရေတွင်း
ဘဒရ်မြို့အထွက်တွင်ရှိသည့် လှပသော ကန္တာရသဲတောင်