Please read the following information and recommendations thoroughly, as they cover essential practical details for your upcoming Umrah pilgrimage
Please refer to the video above for instructions on how to wear the Ihram for men Men are not permitted to wear any undergarments, such as vests or underwear, while in the state of Ihram, Guests with medical conditions that prevent them from holding their urine may wear adult diapers for their comfort, You may apply perfume or scented products before entering the state of Ihram. However, once you are in Ihram, the use of perfume and any scented items is strictly prohibited, While in the state of Ihram, you are permitted to eat, use the restroom, and take a shower. If your Ihram garments become soiled for any reason, you may change into a clean Ihram set, You may choose to wear your Ihram at home before departure or change into it during your transit at the airport
အွမ်ရာဟ် လုပ်ရန်အတွက် နီယသ်လုပ်ဖို့ လိုအပ်ပါသည် နီယသ်ကို ပုံပါအတိုင်း အရဗီ အူရဒူ အင်္ဂလိပ်လို အသံထွက်ဖြစ် ရွတ်ဆိုနိုင်ပါသည်၊ အွမ်မရာဟ် လာသော ဟာဂျီလောင်းများဆော်ဒီနိုင်ငံ နယ်နိမိတ်အတွင်း သတ်မှတ်ထားသော မီကားသ် အပေါ် လေယာဉ်ဖြတ်သန်းချိန် နီယာသ်လုပ်ရန်ကြေငြာပေးသောအခါ ဟာဂျီလောင်းများက အွမ်မရာဟ်ပြုလုပ်ရန် နီယာသ် လုပ်ရပါမည်။
အွမ်ရာဟ် နီယသ် (ရည်စူးချက်) ပြုလုပ်ပြီးနောက် ရွတ်ဆိုရမည့် သလ်ဘီရာဟ် (ဒိုအာ) ဖြစ်ပါသည် အွမ်ရာဟ် နီယသ်လုပ်ပြီးချိန်မှစ၍ အွမ်ရာဟ် ပြုလုပ်မည့်အချိန်အထိ တက်နိုင်သလောက်ရွတ်ဆိုနေရပါမည် သလ်ဘီရာဟ်ကို ပုံပါအတိုင်း အရဗီ အူရဒူ အင်္ဂလိပ်လို အသံထွက်ဖြစ် ရွတ်ဆိုနိုင်ပါသည်။
အမျိုးသားများ အဲဟ်ရာမ် ပတ်ချိန်
အမျိုးသားများ အဲဟ်ရာမ်ပတ်ချိန်တွင် ခြေဖမိုးနှင့် ခြေမျက်စိပေါ်နိုင်သော ခြေညှပ်ဖိနပ်ကို စီးရပါမည်။
အွမ်ရာဟ်လုပ်ချိန်
အမျိုးသားများနှင့် အမျိုးသမီးများ အွမ်ရာဟ်ပြုလုပ်ချိန်တွင် ဖုန်း ပိုက်ဆံအိတ်နှင့် တခြားသောပစ္စည်းများထည့်သွားရန် အမျိုးသားဖြစ်ပါက
ဘေးလွယ်အိတ် ခါးပတ်လွယ်အိတ် အမျိုးသမီးဖြစ်ပါက လက်ကိုင်အိတ် ကျောပိုအိတ်အသေးယူဆောင်လာရန်နှင့် ဖိနပ်ထည့်ရန် ပလတ်စတစ်
အိတ်ယူဆောင်လာပါရန်။
အမျိုးသမီးများအတွက် အဲဟ်ရာမ်
အမျိုးသမီးများအတွက် အဲဟ်ရာမ်သည် လုံခြုံစွာဝတ်ဆင်ထားသော သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားပင်ဖြစ်သည်၊ အမျိုးသမီးများအတွက်
အဲဟ်ရာမ်မှာ အရောင် ပုံစံ ဒီဇိုင်း သတ်မှတ်ထားခြင်းမရှိပါ၊ အစ္စလာမ့်တရားတော်က သတ်မှတ်ထားသော လုံခြုံစွာ ဝတ်ဆင်ခိုင်းသည့်
အဝတ်အစားသည် အမျိုးသမီးများအတွက် အဲဟ်ရာမ်ဖြစ်ပါသည်၊ အမျိုးသမီးများ အွမ်ရာဟ် နီယာသ်လုပ်ပြီးနောက် မျက်နှာကို ဖုံးအုပ်ထားခြင်း
လက်အိပ်စွပ်ခြင်းမပြုရပါ၊ ကျန်းမာရေးအခြေအနေကြောင့် Mask တပ်ထားလိုပါက တပ်ထားနိုင်ပါသည်၊ အမျိုးသမီးများ အွမ်မရာဟ် ခရီးစဉ်မတိုင်မှီနှင့် ခရီးစဉ်အတွင်း ကိုယ်မသန့်ဖြစ်ခဲ့လျှင် လုပ်ထုံးလုပ်နည်းအတိုင်း အဲဟ်ရာမ်ဝတ်၍ အွမ်မရာဟ် နီယာသ်ချည်ပြီး ဟိုတယ်တွင်နေထိုင်ရမည်
ကိုယ်သန့်ပြီးမှသာ ကာဗာကျောင်းသို့ သွားရောက်အွမ်ရာဟ်ပြုလုပ်ရမည်။
အသက်ကြီး ရွယ်အိုများ
လမ်းလျှောက်၍ အွမ်ရာဟ် မလုပ်နိုင်သော အသက်ကြီးရွယ်အိုများအတွက် အွမ်ရာဟ် အစီအစဉ်
ပုံမှန်အချိန်တွင် လမ်းလျှောက် အွမ်ရာဟ်ပြုလုပ်ပါက သုံးမိုင်ကျော် လမ်းလျှောက်ရမည်ဖြစ်၍ လမ်းမလျှောက်နိုင်သော အသက်ကြီးရွယ်အိုများအတွက်
အွမ်မရာဟ် ပြုလုပ်ရန် ခက်ခဲမည် ဖြစ်ပါသဖြင့်လွယ်ကူစွာ အွမ်ရာဟ်ပြုလုပ်နိုင်ရန် ဝှီးချဲ (Wheelchair) ဖြင့် အွမ်ရာဟ်ပြုလုပ်ပေးသူထံအပ်နှံပေးပါမည်
ဝှီးချဲတွန်းခကို ဧည့်သည်မှကျခံပေးရပါမည်
လမ်းမလျှောက်နိုင်သော သက်ကြီးရွယ်အိုများမှလည်း အွမ်ရာဟ်လုပ်ရန် မနိုင်ဝန်ထမ်းပြီး လမ်းလျှောက် အွမ်ရာဟ် ပြုလုပ်ခြင်း မလုပ်ကြပါရန်နှင့်
မိမိကျန်းမာရေးကို ဦးစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် အွမ်မရာဟ်ကို လမ်းလျှောက်၍ ပြုလုပ်သည် ဖြစ်စေ Wheelchair ဖြင့် ပြုလုပ်သည်ဖြစ်စေ
ရရှိမည့် အကျိုးစဝပ်ကုသိုလ်မှာ အတူတူပင် ဖြစ်ပါသည်။
ခရီးစဉ်အတွက် လိုအပ်ချက်
ဆော်ဒီနိုင်ငံတွင် အသုံးပြုသောပလပ်ပေါက်မှာ ၃ ပင်ထိုး ပလပ်ပေါက်ဖြစ်၍ မိမိယူဆောင်လာသော အခြားပလပ်ခေါင်းများ အသုံးပြု၍မရပါ
ဖုန်းအားသွင်းရန် ခေါင်းအစုံသုံးလို့ရသည့် နိုင်ငံတကာသုံး ပလက်ခေါင်း (Universal Adapter) ယူဆောင်လာရန်အကြံပြုပါသည်
မက္ကာဟ်နှင့် မဒီနာဟ်မြို့ရှိ သမိုင်းဝင်နေရာများသို့ အလည်အပတ်သွားသောအခါ နေရောင်နှင့် အပူဒါဏ် ကာကွယ်နိုင်ရန် နေကာမျက်မှန်နှင့်
အမျိုးသား အမျိုးသမီးဆောင်း ဦးထုတ် ယူဆောင်လာပါရန် အကြံပြုပါသည်။
ကျန်းမာရေး အကြံပြုချက်
အာရှ အမေရိကန် ဥရောပ အစရှိသည့် အနောက်နိုင်ငံများမှ ဆော်ဒီနိုင်ငံသို့ အွမ်မရာဟ် လာသောအခါ ခရီးဝေးလံ၍ အချိန်ကြာမြင့်စွာလေယာဉ်စီး
ရသောကြောင့် မက္ကာမြို့ရှိဟိုတယ်ကိုရောက်ပြီးနောက် ချက်ခြင်း အွမ်မရာဟ် မလုပ်သေးဘဲ အချိန်တခုအထိ အနားယူပြီးမှ အွမ်မရာဟ်လုပ်ရန်
အကြံပြုပါသည်၊ အနားမယူပဲ ချက်ချင်းအွမ်ရာဟ် ပြုလုပ်ပါက ကျန်းမာရေး ထိခိုက်နိုင်ပါသည်၊ မတူညီသော ရာသီဥတု အပြောင်းအလဲ အစားအသောက် အပြောင်းအလဲကြောင့် နှာစေးခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း ဖျားနာခြင်းတို့ဖြစ်နိုင်သဖြင့် အစားအသောက် အနေအထိုင် ဆင်ခြင်သင့်သလို
မိမိကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများကိုလည်း ယူဆောင်လာရန် အကြံပြုပါသည်။
အွမ်ရာဟ်နှင့် မဒီနာဇေယာရာသ် အတွက် ဘိုကင်လုပ်ရန် App နှင့် ဆက်သွယ်ရေးအကြံပြုချက်
ကာဘာကျောင်းတော်တွင် အွမ်မရာဟ် လုပ်ရန် Nusuk Application မှ ဘိုကင် လိုအပ်သလို တမန်တော်မြတ် ရောင်ဇွာတော်ဘေးတွင်ရှိသော
ရေယာဇွလ်ဂျန္နာဟ် (ကော်ဇောဖြူနေရာ) ဂျန္နသ်အစိတ်အပိုင်းသို့ ဝင်ရောက် နမာဇ်ဖတ် ဒိုအာလုပ်ရန် ဘိုကင်ယူရမည်ဖြစ်၍ လူကြီးမင်း၏ ဖုန်းတွင်
Nusuk Application ကို Download လုပ်ထားရန် လိုအပ်ပါသည် Nusuk Application ကို App Store နှင့် Play Store တွင် Download
လုပ်နိုင်ပါသည် ကလေးငယ်မှအပ လူကြီးအားလုံး ဖုန်းတစ်လုံးစီယူဆောင်လာရန် အကြံပြုပါသည် Nusuk Application တွင် အွမ်ရာဟ်နှင့်
ရေယာဇွလ်ဂျန္နာဟ် လုပ်ဆောင်ချက်ပြီးဆုံးကြောင်း ဆော်ဒီအစိုးရ အသိမှတ်ပြု လက်မှတ် (Certificate) ထုတ်ယူနိုင်ပါသည်
eSIM အသုံးပြုလိုသောဧည့်သည်များ eSIM လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည် ဆော်ဒီ SIM အသုံးပြုနိုင်ရန် လူကြီးမင်း၏ ဖုန်းသည် Unlock Phone
ဖြစ်ရပါမည် အွမ်ရာဟ် ခရီးစဉ်အတွင်း မက္ကာနှင့် မဒီနာတွင် လူပျောက်ဆုံးပါက ရှာဖွေရအလွန်ခက်ခဲသည့်အတွက် ဧည့်သည်အားလုံး မဖြစ်မနေ
SIM ကတ်တခုစီဝယ်ရပါမည်။
နိုင်ငံကူးလက်မှတ်နှင့် မိမိပစ္စည်းများ
ဧည့်သည်များအနေဖြင့် ဆော်ဒီနိုင်ငံကိုရောက်ပြီးနောက် အပြင်သွားလာသည့်အခါ မိမိ၏ နိုင်ငံကူးလက်မှတ်ကို ဟိုတယ်တွင် သိမ်းထားရမည်ဖြစ်ပြီး
အပြင်သွားသည့်အခါ ဗီဇာစာရွက်ပါလျှင်လုံလောက်ပါသည် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပျက်စီးပါက Guide မှ လုံးဝ ကူညီဆောင်ရွက်ပေးနိုင်မည်
မဟုတ်ပါ ဧည့်သည်အနေဖြင့် ဟိုတယ်မှထွက်ခွာသည့်အခါ အခန်းတွင် မိမိပစ္စည်းများ မကျန်အောင်စစ်ဆေးပြီးမှထွက်ခွာရန်နှင့် ကားစီးသည့်အခါ
ကားပေါ်တွင် ပစ္စည်းများမကျန်အောင်စစ်ဆေးပြီးမှ ကားပေါ်မှဆင်းရန်အကြံပြုမေတ္တာရပ်ခံပါသည် ပေါ့ဆမှုကြောင့် ပစ္စည်းမေ့ကျန်ပျောက်ဆုံးပါက
Guide မှ တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ပါ။
ငွေကြေးအကြံပြုချက်
သုံးစွဲရန် ငွေကြေးကို ငွေသားအဖြစ်ယူဆောင်လာလျှင် ဒေါ်လာ 100 တန် အသစ်ကိုသာ ယူဆောင်လာရန်နှင့် ဟောင်းနွမ်းစုတ်ပြဲနေသော ဒေါ်လာနှင့်တံဆိပ်တုံးရိုက်နှိပ်ထားသော ဒေါ်လာ100 အောက်ငွေစက္ကူ ယူဆောင်လာပါက ငွေကြေးလဲလှယ်ရာတွင် ဈေးနှိမ်ခံရပါမည်၊ ငွေသားအပြင် နိုင်ငံတကာသုံး
Visa Card ,Master Card အစရှိသည့် ဘဏ်ကဒ်များ အသုံးပြု၍ ငွေပေးချေနိုင်ပါသည်။
လေယာဉ်ခရီးစဉ် ဟိုတယ်အဝင်နှင့် ဇမ်ဇမ်ရေ
လူကြီးမင်း ဝန်ဆောင်မှုရယူထားသော အွမ်ရာဟ် Package သည် မိမိနိုင်ငံမှ ဆော်ဒီသို့ ကိုယ်တိုင်လာရောက်ပြီးနောက် ဝန်ဆောင်မှုစတင်ရရှိမည့် Package
ဖြစ်သောကြောင့် လေယာဉ်စီးရမည့်အချိန်နှင့် (Transit) လေယာဉ်ပြောင်းချိန်ကို အထူးသတိပြုရန် လိုအပ်ပါသည် လူကြီးမင်း လေယာဉ်ကွင်းကို နောက်ကျပြီးရောက်ရှိသဖြင့် လေယာဉ်လွတ်သွား၍လည်းကောင်း လေယာဉ်ကူးပြောင်းရမည့်နိုင်ငံသို့ လေယာဉ်အချိန်မှီစိုက်ရောက်သော်လည်း (Transit) ဂိတ်သို့ အချိန်မှီမရောက်သောကြောင့် လေယာဉ်လွတ်သွားပါက ခရီးစဉ်ရှေ့ဆက်ရန် လူကြီးမင်းကိုယ်တိုင် တာဝန်ယူဖြေရှင်းရပါမည် အဲယားလိုင်းဘက်မှ လေယာဉ်ထွက်နောက်ကျခြင်းကြောင့် ကူးပြောင်းလေယာဉ် (Transit Flight) လွတ်သွားပါက အဲယားလိုင်းမှ တာဝန်ယူဖြေရှင်းပေးပါမည်
လေယာဉ်လက်မှတ် အချိန်ပေါ်မူတည်ပြီး ဟိုတယ် Check In Time နောက်ကျနိုင်သလို Check Out Time စောမည်ကို ဧည့်သည်အနေဖြင့်နားလည်ထားရပါမည်၊ ဆော်ဒီနိုင်ငံရှိ ဟိုတယ်များ၏ Check In Time မှာ 4:00 PM 5:00 PM 6:00 PM ဖြစ်ပြီး Check Out Time မှာ 12:00 PM ဖြစ်ပါသည်၊ ဧည့်သည် အနေဖြင့် Check In Time မတိုင်ခင် Hotel သို့စောပြီး ရောက်ရှိပါက Hotel Reception တွင် Check In Time ရောက်သည့်အချိန်ထိ စောင့်ဆိုင်းရပါမည်
ဆော်ဒီမှအပြန် ဇမ်ဇမ်ရေဗူးကို လေယာဉ်ကွင်းတွင်ဝယ်ယူရမည် ဇမ်ဇမ်ရေ တစ်ဗူးကို ဆော်ဒီငွေ SAR 12,50 ကျသင့်မည်။
အင်္ဂလိပ်ဘာသာဖြင့် အွမ်ရာဟ်ပြုလုပ်နည်း အပြည့်အစုံကို Video တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
အရဗီဘာသာဖြင့် အွမ်ရာဟ်ပြုလုပ်နည်း အပြည့်အစုံကို Video တွင် လေ့လာကြည့်ရှုနိုင်ပါသည်။